သတင်းဖတ်ချင်ရင် - http://news.bbc.co.uk/2/hi/europe/7518543.stm
ဘော့စနီးယားက အထင်ကရအာဏာရှင်ဟောင်း၊ ကမ္ဘာ.အလိုရှိဆုံးစစ်တရားခံ မိပါပြီ၊ အပြည်ပြည်ဆိုင်ရာခုံရုံးတင်ခံရဖို့ရှာတွေ.ပြီး ဖမ်းမိတဲ့သတင်းပါ။ မြန်မာပြည်မှာတော့ ဘယ်ကိုမှထွက်ပြေးမနေတဲ့၊ လူ့ယဉ်ကျေးမှုနဲ့ဆန့်ကျင်ပြီး ပြစ်မှုမျိုးစုံ ကျူးလွန်ထားတဲ့လူတွေ အများကြီးရှိနေပါတယ်။ လက်တစ်ဆုပ်စာလို့ လွယ်လွယ်မပြောပါနဲ့။ သူတို့ရဲ.အသိုင်းအ၀န်းအာဏာစက်က မြန်မာတစ်ပြည်လုံးကို လွှမ်းခြုံထားတုန်းပါပဲ။
ကိုထိုက်ရေ၊ တရားကို နတ်စောင့်တယ်ဆိုတဲ့စကားကို ဦးပုညက 'ငါသိကြား သိပါရဲ.ကွယ်' လို့ ပြောပေမယ့် သူကိုယ်တိုင်လည်း ၀ရဇိန်ပြင်မပြီးသေးတဲ့အချိန်မှာ လောကကြီးကို စွန်.ခွါခဲ့ရတာပါပဲ။ လူတွေ ကိုယ့်အခွင့်အရေးကို ကိုယ် စောင့်ရှောက်နိုင်ဖို့ အရင်ဆုံး ကိုယ့်အခွင့်အရေးကိုယ်သိရပါမယ်။ ကိုယ့်တာဝန်ကိုယ်သိရပါမယ်။ ကိုယ့်အခွင့်အရေးကို ကိုယ်ကိုယ်တိုင်စောင့်ရှောက်ဖို့ သတိနဲ့အသိ လိုပါတယ်။ မြန်မာပြည်သူပြည်သားတွေ ၀ရဇိန်ပြင်တာမပြီးသေးခင်မှာ အကောင်းမကျန်တော့မှာပဲ ကျွန်မစိုးရိမ်ပါတယ်။ ကိုယ့်ကိုယ်ကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။
No comments:
Post a Comment